New York
London
Yangon
Singapore

Announcement

 

ငွေကြေးလိမ်လည်ခံရမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်း

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဘဏ်လုပ်ငန်းစည်းမျဉ်း နှင့် ကြီးကြပ်စစ်ဆေးရေးဌာနကြီးမှ ၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီလ(၁၀ရက်)ရက်စွဲဖြင့် ငွေကြေးလိမ်လည်မှုဖြစ်စဉ်များကို ပြည်သူများသတိပြုမိစေရန် နှင့် အသိပညာပြန်လည်ဖြန့်ဝေပေးခြင်းဖြစ်ပါသည်။

၁။ ဖြစ်စဉ်အကျဉ်း (နမူနာ)

  • လိမ်လည်သည့်နည်းလမ်း - ခန့်ဝေမောင် (ခ) မောင်မောင်လွင်၊ အမှတ် 102A လမ်းကြား၊ ၆၂လမ်း၊ တွတ်ပီကွေ့၊ မန္တလေး)ဆိုသူက လူမှုကွန်ရက် (Facebook)ပေါ်ရှိ Zwel Htet (ဇွဲထက်ချေးငွေကုမ္ပဏီ လီမိတက်)အမည်ရှိ Pageမှတစ်ဆင့် အစုရှယ်ယာဝယ်ယူရန် (သို့မဟုတ်) အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးနိုင်ကြောင်းကြော်ငြာ၍ ၎င်း၏မှတ်ပုံတင်အားပြသ၍ယုံကြည်အောင်ပြောဆိုလိမ်လည်ခဲ့ခြင်း ဖြစ်သည်။
  • နစ်နာမှု - Ni Ni Swe (အမည်လွှဲ)ဖြင့် Facebookအသုံးပြုသူနစ်နာသူသည် ၎င်းတို့ ပေးပို့သော ဖုန်းနံပါတ်များသို့Wave Payမှတစ်ဆင့် အကြိမ်ကြိမ်လွှဲပြောင်းခဲ့ရာ စုစုပေါင်း ငွေကျပ်သိန်း ၉,၆၅၀ကျော်ဆုံးရှုံးခဲ့ရသည်။
  • လိမ်လည်ပုံ - ငွေပြန်ထုတ်ပေးရန် တောင်းဆိုသည့်အခါ ဘဏ်ငွေလွှဲပုံစံအတုများကို ပြသ၍ ငွေထပ်မံ လွှဲခိုင်းခြင်းများပြုလုပ်ခဲ့သည်

၂။ အရေးယူဆောင်ရွက်မှုများ

  • တိုင်ကြားခြင်း - အခြားမသိနားမလည်သူများ လိမ်ညာခံရ၍ငွေကြေးဆုံးရှုံးမှုများ ထပ်မံ မဖြစ်ပေါ် စေရေးအတွက် Online မှအုပ်စုဖွဲ့ငွေလိမ်လည်သူများနှင့်ကုမ္ပဏီများကို ‌ဖော်ထုတ်၍ ထိရောက်စွာ အရေးယူပေးနိုင်ပါရန် အထောက်အထားများနှင့်    တင်ပြတိုင်ကြားလာခြင်းဖြစ်ပါသည်။
  • တရားစွဲဆိုခြင်း - ပြည်ထဲရေးဝန်ကြီးဌာနနှင့် Action Task Forceတို့ ပူးပေါင်း၍ တရားခံနှင်းဝတ်ရည် (ခ) မိပြုံးနှင့်လင်းလင်းကိုတို့ (၂) ဦးအားဖမ်းဆီးခဲ့သည်
  • ပြစ်ဒဏ်ချမှတ်ခြင်း - ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကင်းမြို့နယ်တရားရုံးမှ ၎င်းတို့ (၂) ဦးအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ) အရအလုပ်နှင့်ထောင်ဒဏ် (၂)နှစ်စီကျခံစေရန် အမိန့်ချမှတ် ခဲ့သည်
  • သက်သေခံပစ္စည်းများ - သက်သေခံငွေကျပ်သိန်း ၁,၄၀၀နှင့် လက်ကိုင်ဖုန်း (၃)လုံးအား အယူခံရက် ကျော်လွန်ပါက ပိုင်ရှင်ထံပြန်လည်ပေးအပ်ရန် အမိန့်ချမှတ်ထားသည်

၃။ ရှေ့ဆက်ဆောင်ရွက်ရန် ညွှန်ကြားချက်

  • Fraud SOP အရ ဆောင်ရွက်ခြင်း - လိမ်လည်သူများ အသုံးပြုခဲ့သည့် Wave Payအကောင့်များကိုFraud SOPအရ ယာယီတားဆီးပိတ်သိမ်းရန် ညွှန်ကြားခဲ့သည်
  • အသိပညာပေးခြင်း - ဘဏ်များနှင့် မိုဘိုင်းဝန်ဆောင်မှုပေးသူများအနေဖြင့် အလားတူလိမ်လည်မှုများ ထပ်မံမဖြစ်ပွားစေရန် ဤဖြစ်စဉ်နမူနာကို ပြန်လည်မျှဝေပေးပါသည်။